ကျေးလက်ဒေသဖွံ့ဖြိုးရေးအထောက်အကူပြု တံမြက်စည်းပြုလုပ် နည်းလက်တွေ့သင်ကြားခြင်း သင်တန်းပို့ချ

     သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနနှင့် တရုတ်နိုင်ငံ၊ သစ်တောပြန်လည်တည်ထောင်ခြင်းနှင့် ထာဝစဉ်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ  အာရှနှင့်ပစိဖိတ်ဒေသကွန်ယက်အဖွဲ့  (Asia Pacific Network for Sustainable Forest Managment and Rehabilitation-APFNet)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော မဲခေါင်ဒေသ(မြန်မာနိုင်ငံ)တွင် သစ်တောဂေဟစနစ်များအား ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့် သရုပ်ပြခြင်းစီမံကိန်းမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအထောက်အကူပြု တံမြက်စည်းပြုလုပ်နည်း လက်တွေ့သင်ကြားခြင်းသင်တန်းအား  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့မှ (၂၁)ရက်နေ့အထိ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာတွင်  သင်တန်းသား(၃၀)ဦးဖြင့် လက်တွေ့သင်ကြားပို့ချခဲ့ပါသည်။

    သင်တန်းတွင် တံမြက်စည်းခုတ်ယူနည်း၊ အခြောက်လှန်းနည်း၊ တံမြက်စည်းအမွှေးများ ဖယ်ခြင်း/သန့်စင်ခြင်း၊ ခုတ်ဓားအသုံးပြု၍ ဖြတ်တောက်ခြင်း၊ မလုံး,လုံးခြင်း၊ မလုံးများစုစည်းပြီး စူးချွန်အသုံးပြု၍ ကြိမ်ဖြင့် ကြိုးကျစ်ခြင်း၊ ပလပ်စတစ်အသုံးပြု၍ ကြိုးကျစ်ခြင်း၊ ဝါးအသုံးပြု၍ တံမြက်စည်းပြုလုပ်ခြင်း၊ တံမြက်စည်းများစည်းပြီးပါက အချောသတ်ခြင်းစသည်တို့ကို လက်တွေ့သင်ကြားခဲ့ပြီး သင်တန်းသား/သူများကိုယ်တိုင်လက်တွေ့ပြုလုပ်ခဲ့ကြပါသည်။