တစ်ဝက်တစ်ပျက်အချောထည်(Semi-Finished) H.S Heading 44.07(Category-2)တွင် အကျုံးဝင်သည့် အမျိုးအစားနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

     သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ပြည်ပဝင်ငွေရရှိမှုတိုးတက်စေရန်အတွက် ပြည်ပသို့ တင်ပို့ခွင့်ပြုသည့် တစ်ဝက်တစ်ပျက်အချောထည်(Semi-Finished) H.S Heading 44.07(Category-2)တွင် အကျုံးဝင်သည့် အမျိုးအစားကို ဒု ၄" နှင့်အောက်၊ ဗျက် ၁၄" နှင့်အောက် ထိပ်ဝဧရိယာ ၂၄ စတုရန်းလက်မအထိ သတ်မှတ်ထားရှိသည့်ကိစ္စနှင့်ပတ်သက်၍ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် ပြည်ပသို့သစ်တင်ပို့ရောင်းချရသည့် ကုမ္ပဏီများဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးအား (၂၃-၁-၂၀၂၄)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်၌ ရုံးအမှတ်(၃၉)၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ သောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

     အစည်းအဝေးသို့ မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်ပပို့ သစ်တောထွက်ပစ္စည်းများ စိစစ်ထောက်ခံရေးအဖွဲ့နှင့် ပြည်ပသို့သစ်တင်ပို့ရောင်းချသည့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။