“နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ သင်တန်းနှင့် လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာရေးကိရိယာ ကိုင်တွယ်ခြင်းသင်တန်း” ဆင်းပွဲအခမ်းအနား ကျင်းပ

     “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ သင်တန်းနှင့် လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာရေးကိရိယာ ကိုင်တွယ်ခြင်းသင်တန်း” ဆင်းပွဲအခမ်းအနားကို ၉-၂-၂၀၂၄ ရက်နေ့၊ ညနေ (၁၆:၄၅) အချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ စုစုပေါင်း (၉၅) ဦး တက်ရောက်ကြသည်။

     သင်တန်းဆင်းပွဲအခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးမှ သင်တန်းဆင်းအမှာစကားပြောကြားခြင်းနှင့် အကောင်းဆုံးစာတမ်းဆု ပေးအပ်ချီးမြှင့်ခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ စာပေထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း၊ အကောင်းဆုံးစာတမ်းဆု ရရှိသော သင်တန်းသား/သင်တန်းသူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ညနေ (၁၇:၁၅) အချိန်တွင် ရုပ်သိမ်းခဲ့သည်။