သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒ/စီမံကိန်း)ဦးဖေချစ် နေပြည်တော် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအတွင်း စိုက်ပျိုးထားရှိသည့်အပင်များ ရှင်သန်အောင်မြင်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

        ၁၁-၂-၂၀၂၄ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒ/စီမံကိန်း) ဦးဖေချစ် ဦးဆောင်သောအဖွဲ့သည် နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၂၉၊ ၃၀) အတွင်း ၂၀၁၉ ခုနှစ် (မိုးရာသီ)၌ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှလှူဒါန်းငွေဖြင့် တည်ထောင်စိုက်ပျိုးခဲ့သော ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀) ဧက၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၃၀) အတွင်း ၂၀၂၀ ပြည့်နှစ် (မိုးရာသီ) တွင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းလှူဒါန်းငွေဖြင့် တည်ထောင်စိုက်ပျိုးခဲ့သော ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်း (၁၀၀) ဧက နှင့် ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၃၀၊ ၃၃) အတွင်း ၂၀၂၁ ခုနှစ် (မိုးရာသီ)တွင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းလှူဒါန်းငွေဖြင့် တည်ထောင်စိုက်ပျိုးခဲ့သော ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀) ဧက တို့၏ ရှင်သန်အောင်မြင်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။