သစ်တောဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တိရစ္ဆာန်ဥယျာဉ်များဌာနရှိ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီဥယျာဉ်(နေပြည်တော်)၊ နက္ခတာရာပြခန်း(နေပြည်တော်)၊တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နှင့် တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တို့၏ လုပ်ငန်းများအား (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်မှစ၍ အတွဲလိုက် Package စနစ်ဖြင့် (၁၀)နှစ် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နှစ်ရှည်ငှားရမ်းခြင်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အစိုးရအသိအမှတ်ပြု ကုမ္ပဏီများမှငှားရမ်းမှုအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါစျေးနှုန်းတင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်-