အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူးများအဖွဲ့ အစည်းအဝေးကျင်းပ

   အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူးများအဖွဲ့အစည်းအဝေးကို (၂၀-၂-၂၀၂၄)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အဖွဲ့ခေါင်းဆောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးလှမောင်သိန်း အဖွင့်အမှာစကားပြောကြားသည်။ အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြားရာတွင် မြေအသုံးချမှုများစီမံခန့်ခွဲရာတွင် အထောက် အကူပြုရန်အတွက် မြေနှင့်သက်ဆိုင်သည့်မှတ်တမ်းများ၊ သတင်းအချက်အလက်များ တိကျမှန် ကန်စေရေး၊ အများပြည်သူအား ပွင့်လင်းမြင်သာစွာသိရှိစေရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မြေစီမံခန့်ခွဲခြင်း၊ မြေခွဲဝေချထားခြင်း၊ အသုံးချမှုစီမံကိန်းလုပ်ငန်းများ အရည်အသွေးကောင်းမွန် စေခြင်းနှင့် မြေအသုံးချမှုမူဝါဒ အကောင်အထည်ဖော်ခြင်းများနှင့်ပတ်သက်ပြီး လမ်းညွှန်ကြီးကြပ် ရမည့်ကိစ္စရပ်များသည် အစဉ်တစိုက်လုပ်ဆောင်ရမည့် ကိစ္စများဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက် နှင့်အညီ ကောင်စီ၏ လုပ်ငန်းတာဝန်(၁၀)ရပ်အပေါ် ဆောင်ရွက်ပြီးစီးမှုများကို Update လုပ်နေရမှာဖြစ်သလို အဖွဲ့ဝင်များအနေဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန်တိုက်တွန်းကြောင်း ပြောကြားသည်။ အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူးများ၊ အဖွဲ့ဝင်ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တတ်ရောက်ဆွေးနွေး ကြပါသည်။