၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် သစ်တောဦးစီးဌာနပြခန်းခင်းကျင်းပြသ

၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ၂၀-၂-၂၀၂၄ ရက်နေ့တွင် ဟားခါးမြို့၊ ဗျူဟာကုန်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ချင်းအစိုးရ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာသူများမှ ပြခန်းများအား လှည့်လည်ကြည့်ရှုရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနပြခန်းတွင် သစ်တောဦးစီးဌာန တာဝန်ရှိဝန်ထမ်းများက ခင်းကျင်းပြသမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြခန်းတွင် ကျောင်းသား/ ကျောင်းသူများ၊ တက်ရောက်လာသောပြည်သူများနှင့် စည်ကားလျက်ရှိပါသည်။