Arc GIS မြေပုံရေးဆွဲနည်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ

     အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး အနေဖြင့် စ၊ ထ၊ ထ၊ ရ လုပ်ငန်းဆိုင်ရာ အစီရင်ခံစာများ၊ မြေပုံများကို ရေးသားပြုစုရာတွင် ခေတ်စနစ်နှင့်အညီ ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရန်နှင့် ဌာနတွင်းဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် ကွင်းဆင်းဝန်ထမ်းနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း (၂၀)ဦးတို့အား  ၁၈-၂-၂၀၂၄ မှ ၂၂-၂-၂၀၂၄ ထိ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး သင်တန်းခန်းမတွင် Arc GIS မြေပုံရေးဆွဲနည်းသင်တန်း အမှတ်စဉ်(၂) ကို (၅) ရက်ကြာ ဖွင့်လှစ်ပို့ချပါသည်။

    ၂၂-၂-၂၀၂၄ ရက်နေ့တွင် ကျင်းပသည့် သင်တန်းဆင်းပွဲအခမ်းအနား၌ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ချီးမြင့်ပေးအပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။