ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ စတုတ္ထ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

     ရှမ်းပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ၂၂-၂-၂၀၂၄ ရက်နေ့၊ (၁၃:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် နှင့် ကော်မတီဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ (၂၀) ဦး တက်ရောက်ခဲ့သည်။