ခရိုင်အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ်ဆိုင်ရာ ပထမအကြိမ်လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

     ၂၃-၂-၂၀၂၄ ရက်နေ့၊ နံနက် (၁၀)နာရီတွင် မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ်ဆိုင်ရာ ပထမအကြိမ်လုပ်ငန်းကော်မတီအစည်းအဝေးအား ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးခန်းမတွင် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ်ဆိုင်ရာခရိုင်လုပ်ငန်းကော်မတီဥက္ကဌ ဦးသန့်ဇော်ဦးမှ ခရိုင်အဆင့်လုပ်ငန်းကော်မတီအနေဖြင့် ပြင်ဦးလွင်ခရိုင်အတွင်း မီးလောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အား ပြည်သူလူထု ပိုမိုသိရှိ၍ ပူးပေါင်းပါဝင်လာစေရန် လူထုလှုပ်ရှားမှုများနှင့် အသိပညာပေးဟောပြောပွဲများအား ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ ရယူစုဆောင်းခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ခရိုင်ကော်မတီဝင် ဌာနများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ခရိုင်လုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးမျိုးသီဟမှ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာများနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းဆွေး‌နွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေ များကို ဆွေးနွေးပြောကြားကြပြီး ခရိုင်လုပ်ငန်းကော်မတီဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား (၁၁:၃၀)နာရီတွင် ရုပ်သိမ်းခဲ့သည်။