ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

  ၂၃-၂-၂၀၂၄ ရက်နေ့၊ နေ့လည် (၁၄:၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့ရာ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး၊ ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကော်မတီ၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ တိုးတက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြပါသည်။ ထို့နောက် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး၊ တောမီးနှင့်အကြောင်းအမျိုးမျိုးကြောင့် အခြားမီးလောင်မှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ဆုံးဖြတ်ချက်(၆)ချက် အတည်ပြုချမှတ်ခဲ့ကာ အစည်းအဝေးကို ညနေ(၁၅:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။