ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မီးဘေးလုံခြုံရေး အသိပညာပေး ဆွေးနွေးပွဲ နှင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပ

     ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ရုံးအမှတ်(၅၈) အစည်း အဝေးခန်းမ၌  မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြ လေ့ကျင့်ခြင်း အခမ်းအနားအား ၂၇-၂-၂၀၂၄ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/မူဝါဒ)မှ အဖွင့်အမှာစကားပြောကြားခြင်း၊   နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယတိုင်းမီးသတ်ဦးစီးမှူး ဦးအောင်အောင်ဌေး၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းထွေး၊ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုးသက်နောင်တို့မှ ဝန်ထမ်းများအား မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာများ ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယပိုင်းတွင် မီးသတ်ဦးစီးဌာန အရာထမ်း/အမှုထမ်းများမှ ဦးစီးရုံးချုပ်ရှိ ဝန်ထမ်းများအား လက်တွေ့မီးငြိမ်းသတ်သရုပ်ပြကဏ္ဍ၌ Kitchen Fire ( မီးငြိမ်းသတ်နည်း (၃) နည်းဖြင့် သရုပ်ပြငြိမ်းသတ်ခြင်း)၊ Gas Fire (မီးငြိမ်းသတ်နည်း (၃)နည်းဖြင့် သရုပ်ပြငြိမ်းသတ်ခြင်း)၊ Oil Fire (မီးငြိမ်းသတ်နည်း(၂)နည်းဖြင့် သရုပ်ပြငြိမ်းသတ်ခြင်း)၊ Fire Fighter ယာဉ်ဖြင့် မီးငြိမ်းသတ်နည်းတို့ဖြင့် သရုပ်ပြလေ့ကျင့်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊အမှုထမ်း စုစုပေါင်း (၂၃၀) ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားအား ၁၂:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။