ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာရင်းအင်းလုပ်ငန်းအဖွဲ့၏ တတိယအကြိမ်အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကျင်းပ

     ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာရင်းအင်းလုပ်ငန်းအဖွဲ့၏ တတိယ အကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၇-၂-၂၀၂၄ ရက် (အင်္ဂါနေ့)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) အစည်းအဝေးခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ကျင်းပခဲ့ရာ ပတ်ဝန်းကျင်စာရင်းအင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင် (FDES-2013) Tier-1 ပါ ညွှန်ကိန်း (၁၀၀) ကို ကဏ္ဍအလိုက်ခွဲခြားထားသည့် Thematic Area (11) ခုအနက်မှ Thematic Area (6) ၊ (7) ၊ (8) ရှိ ညွှန်ကိန်း (၃၅) ခုအား သတ်မှတ်ဆွေးနွေးဖော်ထုတ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ စာရင်းအင်းလုပ်ငန်းအဖွဲ့ဝင်ဌာန (၁၆) ဌာနမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာန/အဖွဲ့အစည်း (၁၁) ဌာနမှ ကိုယ်စားလှယ်များနှင့် Online ဖြင့် ဌာန (၆)ခုမှ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ရုံးချုပ်)ရှိ ဌာနခွဲများမှ ကိုယ်စားလှယ်များ အပါအဝင် တက်ရောက်သူစုစုပေါင်း (၉၀) ဦးတက်ရောက်ခဲ့သည်။