ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ (၁-၃-၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်တွင် မုံရွာခရိုင် ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးရုံး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးမှ သင်တန်းဖွင့်လှစ် ပြီးစီးမှုနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်မှ တစ်ဦးချင်း သင်တန်းသား ထူးချွန် ဆုရရှိသော သင်တန်းသားများကို ဆုနှင့်ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်၍လည်းကောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး ၊ တရားလွှတ်တော် တရားသူကြီးချုပ်မှ အဖွဲ့လိုက် စာတမ်းဆုရရှိသော အဖွဲ့ များကို ဆုနှင့်ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်၍လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာနမှ သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားကိုယ်စားလှယ် တစ်ဦးထံ ပေးအပ်ချီးမြှင့်၍လည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး  သင်တန်းသား သင်တန်းသူကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

    အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ၊ တိုင်းဒေသ ကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာ အရာထမ်းများနှင့် သင်တန်း သား/သူ (၄၅) ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား နံနက် (၀၉:၄၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။  အဆိုပါ သင်တန်းကို (၅-၂-၂၀၂၄) ရက်နေ့မှ (၁-၃-၂၀၂၄) ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဝန်ထမ်း (၁၁) ဦး နှင့် အခြားဌာနဆိုင်ရာများမှ ဝန်ထမ်း (၉) ဦး စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ပါသည်။