ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့၊ နေရာဒေသ၊ စက်ရုံ/အလုပ်ရုံ/လုပ်ငန်းများအား ဂုဏ်ပြုဆုချီးမြှင့်ရေး (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

   (၂၉-၂-၂၀၂၄) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့၊ နေရာဒေသ၊ စက်ရုံ/ အလုပ်ရုံ/လုပ်ငန်းများအား ဂုဏ်ပြုဆုချီးမြှင့်ရေး (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂) ၌ ကျင်းပပြုလုပ်ရာ ဂုဏ်ပြုဆု စိစစ် ရွေးချယ်ရေးအဖွဲ့ နာယက နေပြည်တော်ကောင်စီဝင် ဦးဟန်သူမှ အစည်းအဝေးအဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ အဖွဲ့၏ အတွင်းရေးမှူး ဦးစိုးနိုင်(ညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန) က ဆုများပေးအပ်နိုင်ရေး အစီအစဉ်များ၊ ဆုရွေးချယ်ရေးသတ်မှတ်ထားသည့် အခြေခံစံနှုန်းနှင့်အညွှန်းကိန်းများ၊ ကွင်းဆင်းစိစစ်ရေးအခြေအနေများ၊ ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကာ အစည်းအဝေးတက် ရောက်သူများမှ တစ်ဦးချင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးသို့ ဂုဏ်ပြုဆု စိစစ် ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးများ နှင့် ဖိတ် ကြားထားသည့် ဧည့်သည်များ စုစုပေါင်း (၅၉)ဦးတက်ရောက်ခဲ့ကြပြီး အစည်းအဝေးသည် (၁၇:၀၀)နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။