အလုပ်ဝင်သင်တန်း(၂/၂၀၂၃-၂၀၂၄)နှင့် ဘဏ္ဍာရေးဆိုင်ရာမွမ်းမံသင်တန်း(၁/၂၀၂၃-၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

    မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ကျွမ်းကျင်စွာဆောင်ရွက်နိုင်ပြီး စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား နားလည်သဘော ပေါက်တတ်ကျွမ်းစေရန်ရည်ရွယ်၍ (၂၇-၂-၂၀၂၄) ရက်နေ့မှ(၁-၃-၂၀၂၄) ရက်နေ့အထိ (၄)ရက် တာ ဖွင့်လှစ်ခဲ့သော အလုပ်ဝင်သင်တန်း (၂/၂၀၂၃-၂၀၂၄) နှင့် ဘဏ္ဍာရေးဆိုင်ရာမွမ်းမံသင်တန်း (၁/၂၀၂၃-၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို (၁-၃-၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၃:၀၀) အချိန်တွင် ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်မှ သင်တန်းဆင်း အမှာစကားပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးမှ သင်တန်းသား/သင်တန်းသူ(၂၃)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့် ခြင်းများပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဆက်စပ်ဌာနများမှတိုင်းဒေသကြီး ညွှန်ကြားရေးမှူးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်း သား/သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို (၃:၄၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။