ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းတိုး မကွေးတိုင်းဒေသကြီး အတွင်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေး

  ၂-၃-၂၀၂၄ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဦးသိန်းတိုးသည် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ရောက်ရှိခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ မကွေးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူ ခရိုင်၊ မင်းဘူးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရုံး၊ ဆိပ်ဖြူမြို့နယ်ရုံး၊ ချောက်မြို့နယ်ရုံး တို့ရှိ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဝန်ထမ်းတိုင်းထားရှိရမည့် ခံယူချက်များနှင့် ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များအား မှာကြားခဲ့ပါသည်။ ထို့နောက် ရုံးဝန်းများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များမှာကြားခဲ့ပါသည်။