ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မကွေးတိုင်းဒေသကြီး၊ မန်းရေနံမြေရှိ MPRL Co.,Ltd ၏ ရေနံတူးဖော်ခြင်းလုပ်ငန်းမြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေး

     ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် ၃.၃.၂၀၂၄ ရက်နေ့ တွင် မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေမှ အထွေထွေမန်နေဂျာတို့နှင့်အတူ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မန်းရေနံမြေရှိ MPRL Co.,Ltd ၏ ရေနံပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ရေနံတူးဖော်ခြင်းလုပ်ငန်းမြေနေရာသို့သွားရောက်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေများအား မြေပြင် ကွင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။