ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး သို့ သွားရောက်ကြည့်ရှုစစ်ဆေး

     ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် (၂.၃.၂၀၂၄) ရက်နေ့ နံနက် တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဩဝါဒစကားပြောကြားခြင်း၊ ဝန်ထမ်းများ၏အခက်အခဲများမေးမြန်းခြင်း၊ ရုံးအဆောက်အဦးအားစစ်ဆေးကြည့်ရှုခြင်းနှင့်  တိုင်းတာရေးကိရိယာများကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ညောင်ဦးမြို့၊ အောင်မြေသာရပ်ကွက်ရှိ ခရိုင်ရုံး ဝန်ထမ်းအိမ်ယာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။