တိုင်းဒေသကြီးအဆင့် တောမီးနှင့် အခြားမီးလောင်ကျွမ်းမှု မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ

   (၄-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁ဝး၀၀)နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ တိုင်းဒေသကြီးအဆင့် တောမီးနှင့် အခြားမီးလောင်ကျွမ်းမှု မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းဝေး ကျင်းပခဲ့ရာ တောမီးနှင့်အခြားမီးလောင်ကျွမ်းမှု မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတရေးရာဝန်ကြီး၊ ဦးစိုင်းမြင့်အေးမှ Fire Hotspot အရေအတွက် လျှော့ချရေး အညွှန်းကိန်းထက် ကျော်လွန်မှုမရှိစေရန်နှင့် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် လောင်ကျွမ်းသည့်မီးတို့မှ ဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ထိန်းချုပ်ရေး နှင့် စောင့်ကြပ်ကြည့်ရှုရေး စသည့်လုပ်ငန်းများအား အထူးအလေးထားဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အဖွင့်မှာစကား ပြောကြားခဲ့ပါသည်။         

   ဆက်လက်၍ တိုင်းဒေသကြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး အဆင့်၊ နိုင်ငံအဆင့် ဆောင်ရွက်နေမှုအ‌ခြေများကို ရှင်းလင်းကာ၊ ဒုတိယညွှန်ကြားရေးမှူး မှ မ‌ကွေးတိုင်း ဒေသကြီးအတွင်း Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆောင်ရွက်မှုအခြေအနေများ ကို ရှင်းလင်းခြင်း၊ ‌ဆွေးနွေးဆုံးဖြတ်ရန်ကိစ္စများ တင်ပြခြင်း များအပေါ် ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာဌာန များမှ ပြန်လည်‌ဆွေးနွေးခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌမှ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး အစည်းအဝေးကို (၁၁:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။