ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားကျင်းပ

       ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားကို ၁၂-၃-၂၀၂၄ ရက် (အင်္ဂါနေ့) ညနေ (၀၃:၃၀) နာရီအချိန်တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ Theatre ခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဌာနများမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး ဒေါက်တာခင်မောင်ဆင့်၊ ပါမောက္ခချုပ်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာအချက်အလက်များ၊ စစ်မှုထမ်းခြင်းဆိုင်ရာ အသိပညာများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့်အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။