မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)အကောင်အထည်ဖော်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

          ၁၅-၃-၂၀၂၄ ရက်နေ့၊ နံနက် ၉:၃၀ အချိန်တွင် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) အကောင်အထည်ဖော်ရေးနှင့်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

          ထို့နောက် မြေတိုင်းဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ်က ပဉ္စမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် One Map Myanmar Pilot Project ၏ လုပ်ငန်းပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြ၍ တပ်မတော်သိပ္ပံနှင့်နည်းပညာသုသေတနဌာနမှ ဒုတိယဗိုလ်မှူးကြီးသိန်းဖေမြင့်က One Map Myanmar စီမံကိန်းအတွက် အချက်အလက်များ ပံ့ပိုးထားသော ဦးစီးဌာနများအတွက် တည်ဆောက်ပေးထားသည့် Dashboard များအား ရှင်းလင်းတင်ပြခဲ့သည်။

          ဆက်လက်၍ တက်ရောက်လာသော ဦးစီးဌာနအသီးသီးမှ အရာရှိကြီးများ၊ Online မှ တက်ရောက်လျက်ရှိသော အရာရှိကြီးများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး နေ့လည် ၁၂:၃၀ အချိန်တွင် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

          အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)အကောင်အထည်ဖော်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးစီးဌာနအသီးသီးမှ အရာရှိကြီးများ၊ အထူးဖိတ်ကြားထားသည့် Technical Team မှ အဖွဲ့ခေါင်းဆောင်များနှင့် နည်းပညာရှင်များ တက်ရောက်ခဲ့ကြသည်။