မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) စီမံကိန်း အထောက်အကူပြုနည်းပညာဆိုင်ရာသင်တန်း အမှတ်စဉ်(၃)၏ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

          (၄-၃-၂၀၂၄)ရက်နေ့မှ (၁၅-၃-၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ်(One Map Myanmar)စီမံကိန်း အထောက်အကူပြုနည်းပညာဆိုင်ရာသင်တန်း အမှတ်စဉ် (၃)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၁၅-၃-၂၀၂၄ ရက်နေ့ နေ့လည်(၂:၀၀)နာရီအချိန်တွင် Information Access Center ရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း တက်ရောက်၍ သင်တန်းဆင်းအမှာ စကားပြောကြားပါသည်။

          ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ Technical Team အဖွဲ့မှ အဖွဲ့ ခေါင်းဆောင်များမှ သင်တန်းသား/သင်တန်းသူ(၄၇)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြင့်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို နေ့လည်(၃:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။