စုပေါင်းအမှိုက်ကောက်ခြင်းလှုပ်ရှားမှု ပူးပေါင်းပါဝင်ဆောင်ရွက်

         ၁၆-၃-၂၀၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲတို့ ပူးပေါင်း၍ ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံသင်တန်း) သင်တန်းသား/သူများအပါအဝင် စုစုပေါင်း (၇၁)ဦးဖြင့် ကော့သောင်းမြို့၊ ၅၅၅ တောင်ပေါ်ရှိ View Point နှင့် ဗြဟ္မာဝိဟာရ(ဂျလန်း) ကျောင်းတိုက်နေရာတို့တွင် စုပေါင်းအမှိုက်ကောက်ခြင်းလှုပ်ရှားမှု ဆောင်ရွက်ခဲ့သည်။