တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ (၃၀)ကြိမ်မြောက်အစည်းအဝေး ကျင်းပ

  သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ (၃၀)ကြိမ်မြောက်အစည်းအဝေးကို (၁၈-၃-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

   အစည်းအဝေးတွင် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးမှုနှင့် လက်ရှိဆောင်ရွက်မှုအခြေ အနေရှင်းလင်းဆွေးနွေးခြင်း၊ တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြပါသည်။ အစည်းအဝေးသို့ မြန်မာ့ရေနံနှင့် ဘဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မိတ်ဖက်ကုမ္ပဏီများမှ PCC အဖွဲ့ဝင်များ၊ အဖွဲ့ဝင်အသစ်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။