ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားကျင်းပ

  ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းပွဲအခမ်းအနားကို ၁၂-၃-၂၀၂၄ ရက်နေ့ နေ့လယ် (၁၃း၃၀) နာရီအချိန်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈)ရှိ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း နှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

  ထို့နောက် မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးလှိုင်မင်းမောင်က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဌာန်းချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် အရာထမ်း/အမှုထမ်းများမှ  သိလိုသည်များအား ပါဝင်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

  အခမ်းအနားတွင် ပြည်သူ့ စစ်မှုထမ်းဥပဒေပြဌာန်းချက်များအား ခင်းကျင်းပြသခြင်း၊  တက်ရောက်လာသူများအား ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်း သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။