စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပညာပေးဆောင်ရွက်

  ၁၁-၃-၂၀၂၄ ရက်နေ့၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍  မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်)၊ ကြို့ကုန်း နှင့် မြန်မာ့သစ်လုပ်ငန်း(ရုံးခွဲ) ရွှေတိဂုံဘုရားလမ်း တို့တွင် စီမံခန့်ခွဲရေးဌာန၊ စီမံကိန်းနှင့်စာရင်းအင်းဌာန၊ သစ်ထုတ်ရေးဌာန၊ ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ ပြည်တွင်း ရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ သစ်အခြေခံစက်မှုလုပ်ငန်းဌာန၊ အင်ဂျင်နီယာဌာန၊ ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာနတို့မှ အရာထမ်း/အမှုထမ်းများအား သက်ဆိုင်ရာ အထွေထွေမန်နေဂျာများမှ ပြည်သူ့ စစ်မှုထမ်းဥပဒေပါ အချက်အလက်များကို ဝန်ထမ်းများအနေဖြင့် ရှင်းလင်းစွာသိရှိနားလည်နိုင်ရေး အတွက် ဥပဒေပါအခန်းကဏ္ဍများအလိုက် ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ်ရှင်းလင်း၍ ပညာပေး ဆောင်ရွက်ခဲ့ပါသည်။

  အခမ်းအနား တက်ရောက်လာသူ အရာထမ်း/အမှုထမ်းများမှ ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့် ပတ်သက်၍ စိတ်ဝင်စားစွာ ဖတ်ရှုခဲ့ကြသည့်အပြင် မြန်မာ့သစ်လုပ်ငန်း(ရုံးခွဲ) ရွှေတိဂုံဘုရားလမ်းရှိ ခေတ်မီစာကြည့်တိုက် နှင့် ဌာနခွဲများအလိုက် စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်သည့် သတင်းစာ၊ ‌ဆောင်းပါး စသည်တို့ကို ထိန်းသိမ်းထားရှိပြီး ဝန်ထမ်းများအားလုံး ဖတ်ရှုလေ့လာမှတ်သားနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်။