မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

  ၁၈-၃-၂၀၂၄ ရက်နေ့၊ နံနက် ၉:၃၀ အချိန်တွင် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။

   ထို့နောက် မြေတိုင်းဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်က စတုတ္ထအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် One Map Myanmar Pilot Project ၏ လုပ်ငန်းပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ၍ တပ်မတော်သိပ္ပံနှင့်နည်းပညာသုသေတနဌာနမှ ဒုတိယ ဗိုလ်မှူးကြီးသိန်းဖေမြင့်က One Map Myanmar စီမံကိန်းအတွက် အချက်အလက်များ ပံ့ပိုးထားသော ဦးစီးဌာနများအတွက် တည်ဆောက်ပေးထားသည့် Dashboard များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

     ဆက်လက်၍ တက်ရောက်လာသော မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်များမှ ဖြည့်စွက်အကြံပြုဆွေးနွေး ခဲ့ကြပြီး နေ့လယ် ၁၂:၃၀ အချိန်တွင် ဒုတိယဝန်ကြီးက နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

    အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲအကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များဖြစ်ကြသည့် တပ်မတော်နှင့် ဦးစီးဌာနအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ်နှင့် အထူးဖိတ်ကြားထားသည့် One Map Myanmar Technical Team မှ အဖွဲ့ခေါင်းဆောင်များ၊ နည်းပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။