နှစ်(၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနပြခန်း ခင်းကျင်းပြသ

၂၀၂၄ ခုနှစ်၊ နှစ်(၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများနှင့် ဒေသရိုးရာ အစားအစာအရောင်းပြခန်းများအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သမိန်ဗရမ်း ဘက်စုံသုံးကွင်းတွင် ခင်းကျင်းပြသလျက်ရှိရာ ၁၈-၃-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်အဖွဲ့မှ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ပြခန်းသို့ လာရောက်ကြည့်ရှုခဲ့ပါသည်။

မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းစနစ်၊ ပတ်ဝန်းကျင်အရည်အသွေးတိုင်းတာရေးကိရိယာများနှင့် စာအုပ်စာတမ်းများအား ခင်းကျင်းပြသခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဝန်ထမ်းများမှ အသိပညာပေးသရုပ်ဖော် တင်ဆက်ကပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။