ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး အခမ်းအနား ကျင်းပ

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ၁၂-၃-၂၀၂၄ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် ရေးအတွက် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး အခမ်းအနား” ကို ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းအမှုထမ်း စုစုပေါင်း အင်အား ၁၀၂ ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ညွှန်ကြားရေးမှူး၊ စီမံခန့်ခွဲရေးဌာနက ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်အပိုင်းအခြား၊ ကာလသတ်မှတ်ချက်၊ စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ယာယီ ရွေ့ဆိုင်းနိုင်သည့် အကြောင်းအရာများ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အချက်များ၊ ဥပဒေပါ ပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေး တင်ပြပါသည်။