ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ (ဒါဘာ) နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပ

၁၂-၃-၂၀၂၄ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီအချိန်တွင် မြေတိုင်းဦးစီးဌာန(နေပြည်တော်)၌ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ(ဒါဘာ)နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား ပြုလုပ်ဆောင်ရွက်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူး (စီမံ)မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခြင်း၊ ပြန်ကြား ရေးဝန်ကြီးဌာနမှထုတ်ဝေသည့် Panflet များကို ဝန်ထမ်းမျာအား ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မြေတိုင်းဦးစီးဌာန၊ နေပြည်တော်ရှိ ဌာနခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်နေ ကြသည့် အရာထမ်း၊ အမှုထမ်းများမှ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ မရှင်းလင်းသည်များကိုမေးမြန်းခဲ့ကြသည့်အပေါ် တာဝန်ရှိသူများမှ ဖြေဆိုရှင်းလင်းခဲ့ပါသည်။