၂၀၂၄ ခုနှစ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ ကျေးရွာများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ ကျေးရွာများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဂုဏ်ပြုဆုစိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ (ရေနှင့်သန့်ရှင်းမှုဌာန)၊ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန)၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်သစ်တောဦးစီးဌာန၊ နေပြည်တော်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူအဖွဲ့ဝင်များသည် ၁၉-၃-၂၀၂၄ ရက်နေ့တွင် ဥတ္တရသီရိမြို့၊ ပုဗ္ဗသီရိမြို့နှင့် ဥတ္တရသီရိ မြို့နယ်အတွင်းရှိ ဇလောင်းတောင်ကျေးရွာများသို့ သွားရောက်၍ ဂုဏ်ပြုဆုများအတွက် သတ်မှတ်ထားသည့် အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ ဆောင်ရွက်ခဲ့ပါသည်။