ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် သစ်တောသယံဇာတ အခြေအနေဆန်းစစ်လေ့လာခြင်း (Forest Resources Assessment – FRA 2025) လုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေများအား စစ်ဆေးကြည့်ရှု

        (၁၉-၃-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် သစ်တောသယံဇာတ အခြေအနေဆန်းစစ်လေ့လာခြင်း (Forest Resources Assessment-FRA 2025) လုပ်ငန်းဆောင် ရွက်တိုးတက်မှု အခြေအနေများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီမှ လာရောက်ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာန စီမံကိန်းနှင့် စာရင်းအင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းမှ FRA Core Unit ဖွဲ့စည်းပြီး အဖွဲ့ငယ် (၆) ဖွဲ့ ခွဲ၍ FRA လုပ်ငန်းများအား Remote Sensing and GIS နည်းပညာများ အသုံးပြု၍ ဆောင်ရွက်နေမှုများ၊ ခရိုင် စုစုပေါင်း (၆၉)ခရိုင်အားအခြေခံ၍ ခရိုင်များအလိုက် သစ်တောဖုံးလွှမ်းမှုအား ဆန်းစစ်လေ့လာသွားမည့်အခြေအနေ၊ ဒီရေတောများ ဖုံးလွမ်းမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီမံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုအပေါ် ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ရှင်းလင်းပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။