ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုံးသုံးကွန်ပျူတာအခြေခံ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်း ဖွင့်လှစ်ပို့ချနေမှုအား ကြည့်ရှုစစ်ဆေး

(၁၉-၃-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ဌာနအတွင်း အသစ်ခန့်အပ်ထားရှိသည့် ဝန်ထမ်းငယ်များကို ရုံးသုံး ကွန်ပျူတာ အခြေခံစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ပို့ချနေမှုအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီမှ စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို သစ်တောဦးစီးဌာနရှိ ဝန်ထမ်းငယ်များအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချလျက်ရှိပြီး ကွန်ပျူတာအခြေခံနှင့် Software Installation၊ Microsoft Word၊ Microsoft Excel၊ Microsoft Power Point စသည်တို့ကို ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ညွှန်ကြားချက်များနှင့်အညီ  SD ကျစွာ ရေးသားဆောင်ရွက်နိုင်ရေး သင်ကြားပို့ချပေးလျက်ရှိပါသည်။