စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀-၃-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၂)၌ ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ တိုင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၊ ဆက်လက်၍ ဆွေးနွေးဆုံးဖြတ်ရန် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ထို့နောက် တက်ရောက်လာသော ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် ဆက်စပ်ဌာနများမှ ဌာနအကြီးအကဲများက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် သယံဇာတရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များနှင့် ဆက်စပ်ဌာနများမှ ဌာနဆိုင်ရာ အရာရှိကြီးများ (၂၂) ဦး တက်ရောက်ခဲ့ပါသည်။