ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

    ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်၍ ၂၁−၃−၂၀၂၄ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၈)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ အတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများမှ ဒုတိယညွှန်ကြား​ရေးမှူးချုပ်များ၊ ကိုယ်စားလှယ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း(၄၀)ဦး တို့သည် in person/ virtual တက်ရောက်၍ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ (၁၆:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။