မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

          ၂၁-၃-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် မွန်ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းအား ၂၁-၃-၂၀၂၄ ရက်နေ့မှ ၂၈-၃-၂၀၂၄ ရက်နေ့အထိ ရက်သတ္တတစ်ပတ် ဖွင့်လှစ်ပို့ချမည် ဖြစ်ပြီး သင်တန်းတွင် ပြင်ပဝင်ပေါက်မှ ခေါ်ယူခန့်ထားခဲ့သည့် စာရင်းကိုင်(၂) ၁ ဦး၊ ဒုတိယ လက်ထောက်ဦးစီးမှူး ၄ ဦး၊ အငယ်တန်းစာရေး ၃ ဦးနှင့် စာရင်းကိုင်(၄) ၄ ဦး၊ စုစုပေါင်း ၁၂ ဦး တက်ရောက်ကြမည် ဖြစ်ပါသည်။