မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ (International Day of Forests 2024) အခမ်းအနားကျင်းပ

        ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ (International Day of Forests 2024) အခမ်းအနားအား ၂၁-၃-၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ မော်လမြိုင်- သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ်/ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၆၂)ဦး တက်ရောက် ခဲ့ပါသည်။ အခမ်းအနားတွင် ခရိုင်သစ်တောဦးစီးဌာနမှူးမှ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်နယ်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် သစ်တောများ၏ အကျိုးပြုပုံများအား ရှင်းလင်းပြောကြားခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုမှတ်တမ်းများ ပြသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။