မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

        မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် အခမ်းအနားကို ၂၁-၃-၂၀၂၃ ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အခမ်းအနားတွင် ရမည်းသင်းခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက သစ်တောနှင့် ဆန်းသစ်ပြောင်းလဲခြင်း၊ သစ်တောဂေဟစနစ်များအရေးပါပုံ၊ သစ်တောများပျက်စီး ပြုန်းတီးလာရခြင်း၊ ကမ္ဘာမြေပူနွေးလာခြင်း (Global Warming)၊ သစ်တောပျက်စီး ပြုန်းတီးခြင်း (Deforestation)၊ တရားမဝင်သစ်ခိုးထုတ်ခြင်း၊ အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်ခြင်း၊ လူဦးရေတိုးတက်များပြားလာခြင်းနှင့် အင်းဆက်ပိုးမွှားများကြောင့် ကမ္ဘာ့သစ်တောများ လျော့နည်းပျောက်ဆုံးလာခြင်းနှင့်အတူ ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုန်းပျောက်ကွယ်လာခြင်းတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် အထိမ်းအမှတ် ဗီဒီယိုပြသပြီး ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးအပ်ပါသည်။

        အဆိုပါ အခမ်းအနားသို့ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၈၄)ဦး တက်ရောက်ခဲ့ကြသည်။