မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ကျင်းပပြုလုပ်သည့် ဆွမ်းဆန်တော်လောင်းလှူပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပါဝင်လှူဒါန်း

၂၀၂၄ ခုနှစ်၊ မတ်လ ၂၄ ရက်(တပေါင်းလပြည့်နေ့)တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ပရိဝုဏ်အတွင်း ကျင်းပပြုလုပ်သည့် ဆွမ်းဆန်တော်လောင်းလှူပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ ပါမောက္ခချုပ်နှင့် ဇနီး၊ ဌာနဆိုင်ရာအရာရှိကြီးများမှ ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော်အပူဇော်ခံယူတော်မူခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပ ဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးများအား လှူဖွယ်သင်္ကန်း ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြပါသည်။