၂၀၂၄ ခုနှစ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ နေရာဒေသ(ကျေးရွာ)၊ စက်ရုံ/အလုပ်ရုံ/လုပ်ငန်းများအား ဂုဏ်ပြုဆုချီးမြှင့်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

          ၂၉-၃-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ နေရာဒေသ(ကျေးရွာ)၊ စက်ရုံ/အလုပ်ရုံ/လုပ်ငန်းများအား ဂုဏ်ပြုဆုချီးမြှင့်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ရာ ဂုဏ်ပြုဆုစိစစ်ရွေးချယ်ရေးအဖွဲ့ နာယက နေပြည်တော်ကောင်စီဝင် ဦးဟန်သူမှ အစည်းအဝေးအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အဖွဲ့၏ အတွင်းရေးမှူး ဦးစိုးနိုင်(ညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)က ပြိုင်ပွဲဝင် မြို့နှင့်ကျေးရွာများသို့ သတ်မှတ်အခြေခံစံနှုန်းများနှင့်အညီ ဆောင်ရွက်ထားမှု မြေပြင်ကွင်းဆင်း စိစစ်ခဲ့သည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဂုဏ်ပြုဆုစိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များအားလုံးသည် နေပြည်တော်အတွင်းရှိ မြို့(၈)မြို့ နှင့် ကျေးရွာ(၄)ရွာ၏ ပြိုင်ပွဲဝင် Video Clip များအား ကြည့်ရှုစိစစ်ခဲ့ကြပြီး တစ်ဦးချင်း ဆွေးနွေးအကြံပြုခြင်းများ၊ စိစစ်အကဲဖြတ် အမှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့၊ နေရာဒေသ(ကျေးရွာ)၊ စက်ရုံ/အလုပ်ရုံ/လုပ်ငန်းတို့အား ဂုဏ်ပြုဆုစိစစ် ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ (၁၆:၃၀)နာရီ အချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။