ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဟံသာ၀တီ အဆင့်မြင့်အိမ်ရာစီမံကိန်းနှင့် Tan Chong Motor စက်ရုံများသို့ သွားရောက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေး

           ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးသည် ၃၀-၃-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ ရောက်ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဟံသာ၀တီ အဆင့်မြင့်အိမ်ရာစီမံကိန်းနှင့် Tan Chong Motor စက်ရုံများသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုခဲ့ရာ စီမံကိန်းတာဝန်ခံများ၊ တတိယပုဂ္ဂိုလ်အဖွဲ့အစည်းများမှ လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးသည် ပဲခူးတိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံးသို့ သွားရောက်၍ တိုင်းဒေသကြီးရုံး၊ ပဲခူးခရိုင်ရုံးတို့မှ အမှုထမ်း၊  အရာထမ်းများနှင့်တွေ့ဆုံကာ သြဝါဒစကားပြောကြားခြင်း၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် တစ်ဦးလျှင် ဆန် ၂ ပြည်၊ ကြက်သွန် ၅၀ သား၊ ဆီ ၅၀ သားနှင့် ဆားများအား ထောက်ပံ့ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။