ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

၂၈-၃-၂၀၂၄ ရက်နေ့၊ မွန်းလွဲ (၀၂:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး ထူးချွန်ဆုရရှိခဲ့သော သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ သင်တန်းအား ၂၁-၃-၂၀၂၄ ရက်နေ့မှ ၂၈-၃-၂၀၂၄ ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး ပြင်ပဝင်ပေါက်မှ ခေါ်ယူခန့်ထားခဲ့သည့် စာရင်းကိုင်(၂) ၁ ဦး၊ ဒုတိယလက်ထောက်ဦးစီးမှူး ၄ ဦး၊ အငယ်တန်းစာရေး ၃ ဦးနှင့် စာရင်းကိုင်(၄) ၄ ဦး၊ စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ပါသည်။