အမှိုက်အိမ်နှင့် အမှိုက်ပုံးကြီးများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီမှကြီးမှူး၍ အမှိုက်အိမ်နှင့် အမှိုက်ပုံးကြီးများ လွှဲပြောင်း​ပေးအပ်ပွဲအခမ်းအနားအား ၂၈-၃-၂၀၂၄ ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီတွင် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့ရုံး၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှု ကော်မတီဝင်များ စုစု​ပေါင်း (၇၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်သီရိပျံချီဦးစောမြင့်ဦးမှ အဖွင့်မိန့်ခွန်းပြောကြား၍ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ(၇)ခုသို့ အမှိုက်အိမ်နှင့် အမှိုက်ပုံးကြီးများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး  ဘားအံခရိုင်၊ ခရီးစဉ် ဒေသစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဦးအောင်လွင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။