ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ Mask များ ဖြန့်ဝေခြင်းနှင့် ရေမှုန်ရေမွှားပက်ဖျန်းဆောင်ရွက်ခြင်း

          ၃၁-၃-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ ဝန်းကျင်​​​လေထုအရည်အသွေး PM 2.5 သည်  ခရမ်းရောင်အဆင့် (Very Unhealthy) အဆင့်တွင်ရှိနေကြောင်း တိုင်းတာရရှိသဖြင့် ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း​​ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ၃၁-၃-၂၀၂၄ ရက်နေ့နှင့် ၁-၄-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတို့တွင် တာချီလိတ်​မြို့၊ လေယာဉ်ကွင်းလမ်းဆုံ၊ မြို့ဝင်မုဒ်ဦး၊ ကားလေးကွင်းရှေ့၊ တံတား(၂)မီးပွိုင့်၊ ပုံလို့လမ်းဆုံမီးပွိုင့်၊ အခြေခံပညာအထက်တန်းကျောင်းတာချီလိတ်နှင့် ခရိုင်စုပေါင်းရုံးအနီးနေရာတို့တွင်  ရေမှုန်ရေမွှားပက်ဖျန်းဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။