ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စိုက်ပျိုးထားရှိသည့်အပင်များ ရှင်သန်အောင်မြင်မှုအခြေအနေ ကြည့်ရှုစစ်ဆေး

(၃-၄-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောဦးစီးရုံးချုပ်မှ တာဝန်ရှိသူများ၊ နေပြည်တော် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးထားရှိသည့် အပင်များ၏ သစ်မျိုးအလိုက်ရှင်သန်မှု၊ အပင်အမြင့်တိုးတက်လာမှုအခြေအနေများအား သစ်တော ဦးစီးဌာနဝန်ထမ်းများမှ အကွက်ငယ်(၆)ကွက်ခွဲခြား၍ သတ်မှတ်အကွက်ငယ်များအလိုက် တိုင်းတာစစ်ဆေးဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့သည်။