ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ၊ Mask များဖြန့်ဝေခြင်းနှင့် ရေမှုန်ရေမွှားပက်ဖျန်းဆောင်ရွက်

၂-၄-၂၀၂၄ ရက်နေ့၊ နံနက်(၇:၀၀)နာရီအချိန်မှ ၃-၄-၂၀၂၄ ရက်နေ့ နံနက် (၇:၀၀) နာရီအချိန်အထိ တိုင်းတာချက်အရ တာချီလိတ်မြို့၏ ဝန်းကျင်​​​လေထုအရည်အသွေး PM 2.5 သည်  ခရမ်းရောင်အဆင့် (Very Unhealthy)အဆင့်တွင် ရှိနေပါသဖြင့် တာချီလိတ်ခရိုင်အထွေထွေ အုပ်ချုပ်​ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း​​ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးတို့ ပူးပေါင်းကာ ၃-၄-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှစတင်၍ တာချီလိတ်​မြို့ လေယာဉ်ကွင်းလမ်းဆုံ၊ မြို့ဝင်မုဒ်ဦး၊ ကားလေးကွင်းရှေ့၊ နဂါးနှစ်ကောင်ဘုန်းကြီးကျောင်းအနီး၊  ကြီး​​မြတ်သောရွှေမြင်း​ရွှေဆိုင်အနီး၊ ရှမ်းရိုးမကွင်းအနီး၊ အကောက်ခွန်ရုံးနှင့် ခရိုင်စုပေါင်းရုံးအနီးတို့တွင်  ရေမှုန်ရေမွှားများပက်ဖျန်းခြင်း၊ ​ပြည်သူလူထုသို့ နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။