မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ဆိုင်ရာဂုဏ်ပြုဆု စိစစ်ရွေးချယ်ရေးအစည်းအ‌ဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီးပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဆိုင်ရာဂုဏ်ပြုဆု စိစစ်ရွေးချယ်ရေးအစည်းအ‌ဝေးကို ၂-၄-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ (၃)ထပ်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများဖော်ဆောင်ရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ သယံဇာတရေးရာဝန်ကြီးဦးရွှေဇင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးအဆင့် ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် မန္တလေးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆုစိစစ်ရွေးချယ်မှု လုပ်ငန်းစဉ်များနှင့် ခရိုင်များ၏ ကွင်းဆင်းစစ်ဆေးမှုအခြေအနေများအပေါ် ရှင်းလင်းတင်ပြခြင်း၊ (၁၀) မိနစ်စာ Video Clip များပြသခြင်းနှင့် Video Clip များအပေါ် သက်ဆိုင်ရာခရိုင်မှူးများမှ အကျဉ်းချုပ် သုံးသပ်တင်ပြခြင်း၊ တက်ရောက်လာကြသော ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြခြင်းများနှင့် ဆုရရှိသည့် မြို့၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းအမည်စာရင်းများအား ရွေးချယ်ခြင်း၊ အတည်ပြုခြင်းများဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။