အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တောကြပ်များလုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ “တောကြပ်များလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁)” သင်တန်းဆင်းပွဲအခမ်းအနားကို ၃-၄-၂၀၂၄ ရက်နေ့  ၁၅း၃၀ နာရီအချိန်တွင် ဦးစီးရုံးချုပ် စန္ဒကူးခန်းမတွင်ကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သည့် ပထမဆုရရှိသူ ဦးရွှေမောင်၊ ဒုတိယဆုရရှိသူ  ဦးလှိုင်မင်ဦး နှင့် တတိယဆုရရှိခဲ့သူ ဦးမျိုးနိုင်ဦး တို့အား ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး တတ်ရောက်လာကြသော ဦးစီးရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်းများ၊ ဖိတ်ကြားထားသော မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အရာထမ်းများ နှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။