စုပေါင်းအမှိုက်ကောက်ခြင်းနှင့် အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်ခြင်းလက်တွေ့သရုပ်ပြပွဲ ကျင်းပ

        သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) တွင် ရုံးတွင်း၊ ရုံးပြင် သန့်ရှင်းသာယာ လှပစေရေး၊ ရုံးအင်္ဂါရပ်များနှင့် ညီညွတ်စေရေးတို့အတွက် ၅-၄-၂၀၂၄ ရက်နေ့၊ ညနေ (၁၆:၀၀) မှ (၁၇:၀၀) အချိန်အထိ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၅၄) ဦးဖြင့် သန့်ရှင်းရေးပြုလုပ် ဆောင်ရွက်ခဲ့ကြပါသည်။

        ထို့ပြင် ဝန်ထမ်းများစုပေါင်းသိမ်းဆည်းထားသည့် သစ်ရွက်ခြောက်များအား အလေအလွင့် မဖြစ်စေဘဲ စနစ်တကျ ပြန်လည်အသုံးချနိုင်ရန်နှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာတိုးမြှင့်စေရန် ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲတို့ ပူးပေါင်း၍ အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ထွက်ရှိလာမည့် မြေဆွေးများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် စိုက်ပျိုးထားသည့် ပန်းအလှပင်များ၊ အရိပ်ရပင်များအတွက် သဘာဝမြေဩဇာအဖြစ် အသုံးပြုသွားမည်ဖြစ်ပါသည်။